from 0 review
5 Days / 4 Nights
Specific Tour
6 people
English
ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် မနက်စာအတွက် International Buffet Breakfast ဖြင့် ဒေသဆိုင်ရာစား သောက်ဆိုင်တွင် တည်ခင်းဧည့်ခံမည် ဖြစ်ပါသည်။ ထို့နောက် Jumeirah Beach, Burj Al Arab, Visit Souk Madinat, Palm Jumeirah, Atlantis the Palm and Dubai Marina Walk သို့ သွားရောက် လည်ပတ်လေ့လာပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာအား ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အထပ်(၁၆၀)ရှိပြီး ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးများတွင် တစ်ခုပါဝင်သော Burj Khalifa သို့သွားရောက်လည်ပတ်ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါ မည်။ ညစာအား Chinese Set Menu ဖြင့် Wang Fu Restaurant တွင် ဧည့်ခံပေးပါမည်။ ညစာသုံး ဆောင်ပြီးပါက ဟိုတယ်တွင် Check In ဝင်ရောက်၍ မောပန်းသမျှအား အိပ်စက်အနားယူ အပန်းဖြေပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းနိုင်ငံ၏ အမှတ်အသားတစ်ခုဖြစ်သော Jumeirah Mosque, Al Bastaikiya, Dubai Museum + Abra Water Taxi သို့သွားရောက်လည်ပတ်ကြပြီး ဒူဘိုင်းလူမျိုးများ အမြတ်တနိုး ဝတ်ဆင်သော ရွှေထည်ပစ္စည်းဒီဇိုင်းဆန်းများကိုလည်း လေ့လာကြပါမည်။ နေ့လည်စာအား ဒေသ ဆိုင်ရာစားသောက် ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညနေပိုင်းတွင် 4 Wheel drive ကားများဖြင့် လေ့ကျင့်ထား သော၊ ကျွမ်းကျင်မှုအဆင့်ရှိ ကားဆရာများက မောင်းနှင်ပြီး သဲကန္တာရခရီးစဉ်အား စတင်ပါမည်။ လမ်းခရီး တလျှောက်တွင် သဲကန္တာရတောင်ကုန်း များပေါ်သို့ နိမ့်လိုက်မြင့်လိုက် မောင်းနှင်ကြရသောကားဆရာများ၏ ကျွမ်းကျင်မှုများအား သည်းထိတ်ရင်ဖို၊ စိတ်လှုပ်ရှားဖွယ် ကောင်းသော ခံစားမှုများကို ခံစားရပါမည်။ View Point သို့ ရောက်ရှိချိန်တွင် ကုလားအုပ်စီးခြင်း၊ သဲစကိတ်စီးခြင်း နှင့် လှပသော သဲကန္တာရကို ပိုမိုပြည့်စုံစေသော နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပြီးနောက် ညစာအား ပင်လယ်စာ အကင်များဖြင့်သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ရင်း အာရပ်ရိုးရာကော်ဇောအကများ၊ ဒူဘိုင်းအမျိုးသမီးများ၏ ဗိုက်လှုပ်အကများကို ကြည့်ရှုခံစားရ ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးပြီး တစ်ညတာ အိပ်စက်အပန်းဖြေ အနား ယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးပါက အာရပ်စော်ဘွားများ၏ ပြည် ထောင်စုနိုင်ငံတွင် အကြီးဆုံးမြို့တော်ဖြစ်သော အဘူဒါဘီမြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ အဘူဒါဘီမြို့သို့ ရောက်ရှိပြီး Sheikh Zayed Grand Mosque, Heritage Village and Dates Market သို့ သွားရောက်လည်ပတ်ပြီး Abu Dhabi Corniche and Emirates Palace တို့တွင်လည်း အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ နေ့လည်စာအားဒေသဆိုင်ရာ စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဖွင့်လှစ်လိုက်သော Yas ကျွန်းရှိ Ferrari World ကစားကွင်းတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားနည်းများကို လွတ်လပ်ပျော်ရွှင်စွာဆင်နွှဲပြီး ရုပ်ရှင်နှင့် ဖျော်ဖြေပွဲများကိုလည်း ကြည့်ရှုခံစားကြပါမည်။ ထို့နောက် ဒူဘိုင်းသို့ကားဖြင့်ပြန်၍ ညစာအား Asian Buffet ဖြင့် Flora Grand Hotel တွင် သုံးဆောင်ကြပါမည်။ ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးပါက မိမိ၏ အစီအစဉ်ဖြင့် Outlet Mall နှင့် Mall of Emirates တို့တွင် ပျော်ရွှင်စွာဈေးဝယ်ယူနိုင်ရန်အချိန်ယူပါမည်။ နေ့လည်စာကို Hyu Korean Restaurant တွင်သုံးဆောင်ကြပါမည်။ ဈေးဝယ်ထွက်ခြင်းအား ဆက်လက်၍ အချိန်ယူပါမည်။ ညစာကို Thai Set Menu ဖြင့် ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပို့ဆောင်ပေး၍ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိ မည်ဖြစ်ပါမည်။
Leave a Reply