from 954 USD
Book Now

Korea Trip (3N4D)

Not Rated

Duration

4 Days / 3 Nights

Tour Type

Daily Tour

Group Size

Unlimited

Languages

English

Itinerary

Expand All
Day 01 ~ Incheon – Nami – Everyland – Suwon (နေ့လည်စာ/ ညစာ)
Day 01 ~ Incheon – Nami – Everyland – Suwon (နေ့လည်စာ/ ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ Vietnam Airline လေကြောင်းခရီးစဉ်ဖြင့် အင်ချွန်း အပြည်ပြည်ဆိုင်ရာ (Incheon) လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ အင်ချွန်းလေဆိပ်တွင် ဒေသ ဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး နာမီကျွန်း (Nami Island) သို့ကားစီး၍ ခရီးဆက်ကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Nami Island သို့ Sightseeing သွားရောက် လည်ပတ်ပြီးနောက် Everland သို့သွားရောက်ကာ ပျော်ရွင်ဖွယ်ကစားနည်းများကို ဝင်ရောက်ဆင်နွှဲ ကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက တစ်နေ့တာ ခရီးပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူရန် ဟိုတယ်တွင် Check in ဝင်ပါမည်။

Day 02 ~ Suwon - Korea Folk Village - Seoul (မနက်စာ/နေ့လည်စာ/ညစာ)
Day 02 ~ Suwon - Korea Folk Village  - Seoul (မနက်စာ/နေ့လည်စာ/ညစာ)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Korean Folk Village သို့သွားရောက်၍ လည်ပတ်ပါမည်။ ထို့နောက် ကင်မ်ချီ ပြုလုပ်နည်းအားလေ့လာကြည့်ရှု သင်ယူပါမည်။ နေ့လည်စာအား ဒေသခံစားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံး ဆောင်ပြီးနောက် Ginseng , Cosmetic များရောင်းချရာ Duty Free Shop သို့သွားရောက် လည်ပတ်ကြည့်ရှုဝယ်ယူပါမည်။ ထို့နောက် နိုင်ငံခြားခရီးသွားများ သဘောကျနှစ်ခြိုက် ကြသည့် Myeongdong Market တွင် ၂နာရီခန့် ပျော်ရွှင်စွာ ဈေးဝယ်နိုင်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို ဒေသခံစား သောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပြန်၍ တစ်နေ့တာ ပင်ပန်းသမျှအတွက် အေးချမ်းစွာအိပ်စက် အနားယူ ကြပါမည်။

Day 03 ~ Seoul (မနက်စာ/နေ့လည်စာ/ညစာ)
Day 03 ~ Seoul (မနက်စာ/နေ့လည်စာ/ညစာ)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးပါက ကိုရီးယားတိုင်းရင်းဆေးမြစ်စုံ သစ်ဥသစ်ဖု အရောင်းဆိုင်နှင့် အလွန်လှပသော ခရမ်းဆွဲကျောက် အရောင်းပြခန်းသို့ ခေတ္တသွားရောက်လေ့လာကြပါမည်။ ထို့နောက် ကိုရီးယားဇာတ်လမ်းများတွင် အချစ်သင်္ကေတ သော့တွဲလေးများ ချိတ်ဆွဲကြသည့်မျှော်စင် N Tower သို့သွား ရောက်ကာ ဆိုးလ်မြို့၏ရှုခင်းကို အပေါ်စီးမှ ကြည့်ရှုခံစားကြပြီးနောက် Gyeongbokgun Palace သို့သွား ရောက်ကာ ကိုရီးယားဝတ်စုံများဖြင့် ဓာတ်ပုံ ရိုက်နိုင်မည်ဖြစ်ပါသည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင် တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက အိမ်ပြာတော် Chengwadae ကိုအပြင်မှ ကြည့်ရှုလေ့လာပြီး Trick Eye Museum နှင့် Ice Gallery သို့သွားရောက်လည်ပတ် ဓာတ်ပုံရိုက်ကြပါမည်။ ထိုမှ အင်ချွန်လေဆိပ်အနီးရှိ တည်းခိုမည့် ဟိုတယ်သို့ ပြန်လည်ထွက်ခွာလာပြီး ညစာကို ဒေသခံစားသောက် ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညနေစာသုံးဆောင်ပြီးပါက ကိုရီးယားအိမ်ပြန်လက်ဆောင်ဝယ်ယူနိုင်ရန် Souvenir Shop သို့ပို့ဆောင်ပေးပါမည်။ ထို့နောက်တစ်နေ့တာ ပင်ပန်း သမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 04 ~ Incheon – Yangon (မနက်စာ)
Day 04 ~ Incheon – Yangon (မနက်စာ)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးပါက အင်ချွန်းလေဆိပ်တွင် Airline Check –in ဝင်၍ Vietnam Airline ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာလာပါမည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက်အကြိုအပို့။
  • ရန်ကုန် - အင်ချွန်း - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်။
  • ခရီးစဉ်တွင်ပါဝင်သော လည်ပတ်သည့်နေရာများအတွက် ဝင်ကြေးများ။
  • 3* ဟိုတယ်တွင် တည်းခိုစရိတ်။ (Twin Sharing)
  • ခရီးစဉ်အသေးစိတ်အချက်အလက်တွင် ဖော်ပြထားသည့်အတိုင်း မနက်စာ၊ နေ့လည်စာ နှင့် ညစာ။
  • နေ့စဉ်အတွက် သောက်ရေသန့်။
  • English Speaking Guide နှင့် Tour Leader ဝန်ဆောင်မှု။
  • ဧည့်လမ်းညွှန်အတွက် (Tip Money) ။
  • အထက်ဖော်ပြပါခရီးစဉ်တွင် မပါရှိသော လည်ပတ်မှုများ။
  • ဟိုတယ်ရှိ ကိုယ်ပိုင်အသုံးစရိတ်များ။ (Drinks, Mini bar, Room service, Telephone calls, Laundry, Souvenirs & etc)
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့်အဖျော်ယမကာများ။
  • လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခများ။

Durations

Multi day

Languages

English

Tour's Location

FAQs

Why are your tours so expensive?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis
Can you book a hotel for me?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis
What is your cancellation policy?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis
Can you send us the final itinerary before we book the tour?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from 954 USD

You might also like