from 0 review
4 Days / 3 Nights
Daily Tour
Unlimited
English
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Nature Link Travels & Tours မှ Tour Leader ဖြင့်တွေ့ဆုံပြီး Viet Jet လေကြောင်းခရီးစဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းလေဆိပ်သို့ စတင်ထွက်ခွာပါမည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ဟိုတယ်တွင် Check In ပြုလုပ်ပြီး အိပ်စက် အနားယူကြပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကားဖြင့်(၂)နာရီခန့်မောင်းနှင်၍ နန်ဘင်းသို့ သွားရောက်ပါမည်။ Dinh Dynasty (968-980) နှင့် Le Dynasty (980-1009) လောက်က တည်ဆောက်ထားသော Hoa Lu အားသွားရောက် လည်ပတ်ပါမည်။ နေ့လည်စာအား ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ဗီယက်နမ်ရိုးရာလှေဖြင့် တောင် ကြားများတွင် စီးနှင်းကြပြီး ပျော်စရာကောင်းသော Trang An သို့သွားရောက်ကြပါမည်။ သဘာဝလှိုင်ဂူများဖြစ်သော Sang Cave, Toi Cave, Ba Giot Cave and Nau Ruou သို့ သွားရောက်လည်ပတ်လေ့လာပါမည်။ ထို့နောက် ဟလောင်ဘေးသို့ ကားဖြင့် (၃)နာရီခန့်မောင်းနှင်၍ သွားရောက်ကြပါမည်။ ညစာအား ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ Ha Long Night Market သို့သွားရောက်၍ စိတ်ကြိုက်ဈေးဝယ်ထွက်ပြီး ကိုယ်ပိုင်အချိန်သုံးပါမည်။ Ha Long ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် UNESCO မှတ်တမ်းဝင်သော ဟလောင်းပင်လယ်အော်သို့ သွား ရောက်လည်ပတ်ကြပါမည်။ ထို့နောက် Dog Islet, Sails Islet, Dinh Huong Islet and Ga Choi Stone သို့သွားရောက် လည်ပတ်ကြပါမည်။ ပင်လယ်စာများဖြင့် နေ့လည်စာအား သဘောၤပေါ်တွင်သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင် ပြီးပါက ဟနွိုင်းသို့ပြန်၍ ရေပေါ်ရုပ်သေးပွဲအား သွားရောက်ကြည့်ရှုလေ့လာကြပါမည်။ ညစာအား ဒေသဆိုင်ရာစား သောက်ဆိုင်တွင်သုံးဆောင်ကြပါမည်။ ဟနွိုင်းတွင် တစ်နေ့တာ ပင်ပန်းသမျှအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးပါက ဗီယက်နမ်ရောက်လျှင် မရောက်မဖြစ်နေရာ များဖြစ်သော အာဇာနည်ခေါင်းဆောင် ဟိုချီမင်း၏ ဂူဗိမာန် Ho Chi Minh Mausoleum နှင့် ဟိုချီမင်းအသက်ရှိထင်ရှားရှိခဲ့စဉ်က အသုံးပြုခဲ့သော ရုံးခန်း၊ ပြီးနောက် နာမည်ကျော် တတိုင်တည်း တည်ဆောက်ထားသော တန်ခိုးကြီး ဘုရားကျောင်း One Pillar သို့ သွားရောက်လည်ပတ် လေ့လာကြပါမည်။ ထို့နောက် အထင်ကရနေရာများဖြစ်သော ပထမဆုံးသော တက္ကသိုလ်ဖြစ်ခဲ့သော (Temple of Literature) ၊ Hoan Kiem Lake and The Huc Bridge သို့သွားရောက်လည်ပတ်လေ့လာကြပါမည်။ နေ့လည်စာကို San Tay Ho တွင် အမျိုးပေါင်း ၂၀၀ကျော်သော နေ့လည်စာ ဘူဖေးဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် Shopping and strolling ဧရိယာဖြစ်သော Hanoi Old Quarter သို့သွားရောက်၍ ကိုယ်ပိုင်အချိန်အား အသုံးပြုပါမည် ပြီးနောက် စုရပ်အချိန်တွင် ပြန်လည်တွေ့ဆုံပြီး Noi Bai လေဆိပ်သို့ထွက်ခွာပါမည်။ Noi Bai လေဆိပ်မှ Viet Jet လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပါမည်။
Leave a Reply