from 0 review
15 Days / 14 Nights
Daily Tour
6 people
English
Date | Airline | Sector | Departure Time | Arrival Time |
---|---|---|---|---|
14 Nov 2019 | MAI | RGN – GAY | 1200 | 1320 |
21 Nov 2019 | MAI | GAY - RGN | 1420 | 1740 |
လေယာဉ်လက်မှတ်နှင့် ညအိပ်နေရာများအဆင်ပြေချောမွေ့စေရေးအတွက် ၂ လ ကြိုတင်ကာခရီးစဉ်အတွက် စာရင်းသွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေယာဉ်ဖြင့်ထွက်ခွာကြပြီးညနေပိုင်းတွင် ဂယာသို့ရောက်ရှိပါ မည်။ ဂါယာသို့ရောက်ရှိပြီးမဟာဗောဓိစေတီတော်မြတ်ကြီးအားဦးတိုက်ဖူးမြော်ကာ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
ဂါယာမြို့ရှိ မြတ်စွာဘုရားရှင် ခြောက်နှစ်တိုင်တိုင် ဒုက္ကရစိယကျင့်ကြံတော်မူခဲ့ရာဒုက္ကရစရိယတောင်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြကာထိုမှတဆင့် ဗာရာဏသီမြို့သို့ ဆက်လက်ထွက်ခွာကြပြီးဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
ဗာရာဏသီမြို့ရှိ မြတ်စွာဘုရားကိုပစ္စဝဂီငါးဦးတို့က ခရီးဦးကြိုရာချောက်ခဏ္ဍီစေတီ၊ မြတ် စွာဘုရားမှ တရားဦးဟောရာဓမ္မရာဇိကကုန်းတော်၊ (သံဝေဇနိယဌာန နှင့် အဝိဇဟိတဌာန) နှင့် ဓမ္မေခစေတီ၊ တရားဟောပလ္လင် ၊ နန္ဒိယကျောင်း နှင့် မူလဂန္ဓကုဋိဓာတ်တော်တိုက်တို့အားဖူးမြော်ပြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနား ယူကြပါမည်။
သင်္ကဿနဂိုသို့ ဆက်လက်ထွက်ခွာကြပါမည်။ သင်္ကဿနဂိုသို့ ရောက်ရှိပြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက် အနားယူကြပါမည်။
သင်္ကဿနဂိုမှ အာဂရာမြို့သို့ဆက်လက်ထွက်ခွာပြီးအာဂရာမြို့ရှိကမ္ဘာကျော် တာ့ချ်မဟာအားဝင်ရောက် လေ့လာကြ ပါမည်။ ထိုမှတဆင့် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာကြပြီးနယူးဒေလီမြို့ရှိ ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။
နယူးဒေလီမြို့ရှိအိန္ဒိယဂိတ်၊ Lotus Temple နှင့် မဟာသတိပဌာန်တရားတော်ဟောကြားရာနေရာ၊ မဟတ္တမဂန္ဒီ နေအိမ်ပြတိုက်တို့အားသွားရောက်လေ့လာကြပါမည်။ ထို့နောက် ပျော်ရွင်စွာဈေးဝယ်ကြကာသင်္ကဿနဂိုသို့ပြန်လည် ထွက်ခွာကြပါမည်။
မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းသက်တော်မှုရာနေရာ (အဝိဇဟိတဌာန) ၊ အရှင်သာရိပုတ္တရာ ကျောင်းတော်ရာတို့ကိုသွားရောက်ဖူးမြော်ပြီးသာဝတ္တိမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါ မည်။
သာဝတ္တိမြို့ရှိဇေတဝန်ကျောင်းတော်ရာ (အဝိဇဟိတဌာန)၊ အင်္ဂုလိမာလစေတီ၊ သုဒတ္တစေတီနှင့် သာဝတ္တိမြို့ဟောင်း၊ မြတ်စွာဘုရားတာဝတိံသာနတ်ပြည်သို့ ကြွလှမ်းတော်မူရာသရက်ပင်ကုန်း၊ ဒေဝဒတ် နှင့် စိဉ္စမာနတို့ မြေမြိုသည့်နေ ရာတို့အားသွားရောက်လေ့လာပြီးသာဝတ္တိမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
နီပေါနိုင်ငံသို့ ဆက်လက်ထွက်ခွာပြီးကပိလဝတ် နှင့် နိကြောဓါရုံကျောင်းတော်ရာ၊ မြတ်စွာဘုရားမွေးဖွားတော်မူရာ လုမ္ဗိနီဥယာဉ်တော်တို့ကို သွားရောက်လေ့လာဖူးမြော်ကြပြီး နီပေါနိုင်ငံမှ အိန္ဒိယဘက်သို့ ပြန်လည်ထွက်ခွာကြကာ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
ကုသိနာရုံသို့ ဆက်လက်ထွက်ခွာကြကာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာမဟာပရိနိဗ္ဗာနစေတီတော် (သံဝေဇ နိယဌာန)၊ တေဇောဓာတ်လောင်ကျွမ်းတော်မူသည့် အင်္ဂါရစေတီနှင့် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွချီရာလမ်းတွင် မြတ်စွာဘုရားရှင် နောက်ဆုံးရေကြည်တော်သောက်သုံးတော်မူသည့်နေရာတို့အား ကြည်ညိုဖူးမြော်ကြပြီး မြန်မာဘုန်း တော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
ဝေသာလီမြို့သို့ဆက်လက်ထွက်ခွာရာလမ်းတွင်ရှိသော မြတ်စွာဘုရားရှင်၏ သပိတ်တော်ဖြင့် ဌာပနာပြုတည်ထား သောကေစရိယပုထိုးတော်ကြီး၊ ဝေသာလီမြို့ရှိမင်္ဂလာရေကန်တော်၊ ဓာတ်တော်စေတီနေရာ၊ အသောကမင်း ကြီး၏ ကျောက်စာတိုင်တို့အား ဖူးမြော်လေ့လာကြပြီး တတိယသင်္ဂါယနာတင်ခဲ့သောဝေသာလီမြို့ရှိ မြန်မာဘုန်းတော်ကြီး ကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
ရာဇဂြိုလ်မြိ့သို့ဆက်လက်ထွက်ခွာကြပြီးသာသနာတော်နှစ် (၂၅၀၀) ပြည့်တွင် တည်ထားသော ကမ္ဘာငြိမ်းချမ်းရေး စေတီတော် (တစ်ယောက်စီးထိုင်ခုံစက်လှေကားဖြင့်)၊ ဂိဇ္ဈကုဋိတောင်၊ ဗိမ္ဗိသာရအကျဉ်းထောင်နေရာ၊ ဗိမ္ဗိသာရ မင်းကြီးထိန်းသိမ်းခဲ့သောဆွန်ဘဏ္ဍာတိုက်၊ အဇာတသတ် ဓာတ်တော်တိုက်၊ ဇာတ်နိမ့်ဇာတ်မြင့်များ ရေချိုးကြရာ ရေပူစမ်း၊ ဝေဠုဝန်ကျောင်းတော်ရာ၊ ဇီဝကသရက်ဥယာဉ်၊ ကျောက်လှည်းဘီးရာတို့အားသွားရောက်လေ့လာကြပြီး၊ ညနေပိုင်းတွင် နာလန္ဒာ တက္ကသိုလ်အဟောင်းနှင့်အသစ်၊ နာလန္ဒာရှေးဟောင်းပြတိုက်၊ နာလန္ဒာတက္ကသိုလ်ရှိ မြန်နိုင်ငံမှ စာသင်သားသံဃာတော်များအားလေ့လာဖူးမြော်ပူဇော်နိုင်ကြပါမည်။ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။
ဂယာမြို့သို့ဆက်လက်ထွက်ခွာကြပြီးဂယာမြို့ရှိသုဇာတာအိမ်ရာ၊ သုဇာတာဃနာနို့ဆွမ်းဆပ် ကပ်တော်မူရာနေရာ၊ မြက်ရှစ်ဆုပ်လှူတန်းရာနေရာ၊ ဂျပန်ကမာကူရဘုရားကြီးတို့ကိုသွားရောက် လေ့လာလည်ပတ်ကြပြီး မာဂဓတက္ကသိုလ် သို့သွားရောက်ကာ မြန်မာနိုင်ငံသား စာသင်သားသံဃာတော်တို့အား ဖူးမြော်လှူတန်းနိုင်ကြပါမည်။ ဂယာမြို့ရှိ ကြယ်သုံးပွင့်အဆင့်ရှိသောဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။
ဂယာရှိမဟာဗောဓိစေတီတော်မြတ်ကြီးတွင် တစ်နေ့တာလုံးအလှူအတန်းပြုလုပ်ခြင်း၊ အေးချမ်းစွာတရား ထိုင်ခြင်းတို့ကို ပြလုပ်နိုင်ရန်အတွက် ကိုယ်ပိုင်အချိန်အဖြစ် စီစဉ်ပေးထားပါသည်။ ဂယာမြို့ရှိဟိုတယ်တွင် အိပ်စက် အနားယူကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး မြန်မာနိုင်ငံသို့ပြန်လည်မထွက်ခွာမီ မဟာဗောဓိစေတီတော်ကြီးကိုသွားရောက် ဖူးမြော်နိုင်ကြပါမည်။ ထို့နောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် ဂါယာလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ညနေ ပိုင်းတွင် ရန်ကုန်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပြီးအေးချမ်းလှသောဘုရားဖူးတရားနာခရီးစဉ် ပြီးဆုံးမည်ဖြစ် ပါသည်။
Leave a Reply