from 65 USD
Book Now

Buddha-Gaya-Trip

Not Rated

Duration

8 Days / 7 Nights

Tour Type

Daily Tour

Group Size

Unlimited

Languages

English

Itinerary

Expand All
ပထမနေ့ (ရန်ကုန် - ဂယာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေယာဉ်ဖြင့်ထွက်ခွာကြပြီးညနေပိုင်းတွင် ဂယာသို့ ရောက်ရှိပါမည်။ ဂယာသို့ရောက်ရှိပြီးမဟာဗောဓိစေတီတော်မြတ်ကြီးအားဦးတိုက်ဖူးမြော်ကြကာ မြန်မာဘုန်းတော် ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

ဒုတိယနေ့ (ဂယာ - ဗာရာဏသ)

ဂယာမြို့ရှိ မြတ်စွာဘုရားရှင် ခြောက်နှစ်တိုင်တိုင် ဒုက္ကရစိယကျင့်ကြံတော်မူခဲ့ရာဒုက္ကရစရိယတောင်သို့သွား ရောက်ဖူးမြော်ကြည်ညိုကြကာထိုမှတဆင့် ဗာရာဏသီမြို့သို့ ဆက်လက်ထွက်ခွာကြပြီးဗာရာဏသီမြို့ရှိ မြန်မာဘုန်း တော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

တတိယနေ့ (ဗာရာဏသီ - သာဝတ)

ဗာရာဏသီမြို့ရှိ မြတ်စွာဘုရားကိုပစ္စဝဂ္ဂီငါးဦးတို့ကခရီးဦးကြိုရာချောက်ခဏ္ဍီစေတီ၊ မြတ်စွာဘုရားမှ တရားဦးဟော ရာဓမ္မရာဇိကကုန်းတော်၊ (သံဝေဇနိယဌာန နှင့် အဝိဇဟိတဌာန) နှင့် ဓမ္မေခစေတီ၊ တရားဟောပလ္လင် ၊ နန္ဒိယကျောင်း နှင့် မူလဂန္ဓကုဋိဓာတ်တော်တိုက်တို့အားဖူးမြော်ပြီးသာဝတ္တိမြို့သို့ဆက်လက်ထွက်ခွာကာသာဝတ္တိမြို့ရှိ မြန်မာဘုန်း တော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

စတုတ္ထနေ့ (သာဝတ္တိ - ဆိုနော်လီ)

သာဝတ္တိမြို့ရှိဇေတဝန်ကျောင်းတော်ရာ (အဝိဇဟိတဌာန)၊ အင်္ဂုလိမာလစေတီ၊ သုဒတ္တစေတီနှင့် သာဝတ္တိမြို့ဟောင်း၊ မြတ်စွာဘုရားတာဝတိံသာနတ်ပြည်သို့ ကြွလှမ်းတော်မူရာသရက်ပင်ကုန်း၊ ဒေဝဒတ် နှင့် စိဉ္စမာနတို့မြေမြို သည့်နေရာတို့အားသွားရောက်လေ့လာပြီးသာဝတ္တိမြို့မှ နီပေါနိုင်ငံသို့ ဆက်လက်ထွက်ခွာကြကာကပ္ပိလဝတ် နှင့် နိကြောဓါရုံကျောင်းတော်ရာ၊ မြတ်စွာဘုရားမွေးဖွားတော်မူရာ လုမ္ဗိနီဥယာဉ်တော်တို့ကို သွားရောက်လေ့လာ ဖူးမြော်ကြပြီးနီပေါနိုင်ငံမှ အိန္ဒိယဘက်သို့ပြန်လည်ထွက်ခွာကြကာဆိုနော်လီရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

ပဉ္စမနေ့ (ဆိုနော်လီ - ကုသိနာရ)

ဆိုနော်လီမှ ကုသိနာရုံသို့ ဆက်လက်ထွက်ခွာကြကာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ မဟာပရိနိဗ္ဗာန စေတီတော် (သံဝေဇနိယဌာန)၊ တေဇောဓာတ်လောင်ကျွမ်းတော်မူသည့် အင်္ဂါရစေတီနှင့် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွချီရာလမ်းတွင် မြတ်စွာဘုရားရှင် နောက်ဆုံးရေကြည်တော်သောက်သုံးတော်မူသည့်နေရာတို့အား ကြည်ညိုဖူး မြော်ကြပြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

ဆဌမနေ့ (ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုလ်)

ဝေသာလီမြို့သို့ဆက်လက်ထွက်ခွာရာလမ်းတွင်ရှိသော မြတ်စွာဘုရားရှင်၏ သပိတ်တော်ဖြင့် ဌာပနာပြုတည် ထားသောကေစရိယပုထိုးတော်ကြီး၊ ဝေသာလီမြို့ရှိမင်္ဂလာရေကန်တော်၊ ဓာတ်တော်စေတီနေရာ၊ အသောကမင်း ကြီး၏ ကျောက်စာတိုင်တို့အားဖူးမြော်လေ့လာကြပြီးတတိယသင်္ဂါယနာတင်ခဲ့သောဝေသာလီမြို့မှ ရာဇဂြိုလ်မြို့သို့ ဆက်လက်ထွက်ခွာပြီးရာဇဂြိုလ်မြိ့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

သတ္တမနေ့ (ရာဇဂြိုလ် - ဂယာ)

ရာဇဂြိုလ်မြိ့ရှိသာသနာတော်နှစ် (၂၅၀၀) ပြည့်တွင် တည်ထားသောကမ္ဘာငြိမ်းချမ်းရေးစေတီတော် (တစ်ယောက်စီး ထိုင်ခုံစက်လှေကားဖြင့်)၊ ဂိဇ္ဈကုဋိတောင်၊ ဗိမ္ဗိသာရအကျဉ်းထောင်နေရာ၊ ဗိမ္ဗိသာရမင်းကြီးထိန်းသိမ်းခဲ့သော ဆွန်ဘဏ္ဍာတိုက်၊ အဇာတသတ် ဓာတ်တော်တိုက်၊ ဇာတ်နိမ့်ဇာတ်မြင့်များရေချိုးကြရာရေပူစမ်း၊ ဝေဠုဝန်ကျောင်းတော်ရာ၊ ဇီဝကသရက်ဥယာဉ်၊ ကျောက်လှည်းဘီးရာတို့အားသွားရောက်လေ့လာကြပြီး၊ ညနေပိုင်း တွင် နာလန္ဒာတက္ကသိုလ် အဟောင်းနှင့်အသစ်၊ နာလန္ဒာရှေးဟောင်းပြတိုက်၊ နာလန္ဒာတက္ကသိုလ်ရှိမြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များအားလေ့လာဖူးမြော်ပူဇော်နိုင်ကြပါမည်။ ထို့နောက် ဂယာမြို့သို့ ဆက်လက်ထွက်ခွာ ကြပြီး ဂယာမြို့ရှိကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။

အဌမနေ့ (ဂယာ - ရန်ကုန်)

ဂယာမြို့ရှိသုဇာတာအိမ်ရာ၊ သုဇာတာဃနာနို့ဆွမ်းဆပ် ကပ်တော်မူရာနေရာ၊ မြက်ရှစ်ဆုပ်လှူတန်းရာနေရာ၊ ဂျပန်ကမာကူရဘုရားကြီးတို့ကိုသွားရောက် လေ့လာလည်ပတ်ကြပါမည်။ထို့နောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာ ရန် ဂယာလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် ရန်ကုန်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပြီး စိတ်ကြည်နှုး ဖွယ်ဖြစ်သာဘုရားဖူးတရားနာခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Durations

Multi day

Languages

English

Tour's Location

FAQs

Why are your tours so expensive?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis
Can you book a hotel for me?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis
What is your cancellation policy?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis
Can you send us the final itinerary before we book the tour?
Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from 65 USD

You might also like