from $1.400,00
Book Now

Makao-Houngkaung-Xinzheng

Created with Sketch. Yangon, Myanmar (Burma)
Not Rated
Created with Sketch.

Duration

7 Days / 8 Nights

Created with Sketch.

Tour Type

Daily Tour

Created with Sketch.

Group Size

6 people

Created with Sketch.

Languages

English

Itinerary

Expand All
Day 01: ကွမ်ကျိုး -ကျူဟိုင်း (ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့် ကွမ်ကျိုး အပြည်ပြည်ဆိုင်ရာ (Baiyun) လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ကွမ်ကျိုးလေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ကျူဟိုင်းသို့ ၃နာရီကြာကားစီး၍ ခရီးဆက်ကြပါမည်။ ကျူဟိုင်းမြို့သို့ ရောက်ရှိပါက Zhuhai Grand Theater သို့သွားရောက်လည်ပတ်ပြီးနောက် ညစာကို ဟိုတယ်တွင်သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးပါက တစ်နေ့တာခရီးပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day-2: ကျူဟိုင်း-မကာအို(ကားဖြင့်) (မနက်စာ၊ နေ့လည်စာ၊ ညစာ)

နံနက်စာကို သုံးဆောင်ပြီးနောက် ဟိုတယ်မှ check out ပြုလုပ်ပြီး မကာအိုသို့ ခရီးဆက်ကြပါမည်။ မကာအိုသို့ ရောက်ရှိချိန်တွင် ရှေးဦးစွာ သမိုင်းဝင်နေရာများဖြစ်သော St.Paul ခေါ် ပေါ်တူဂီရှေးဟောင်း ဘုရားရှိခိုးကျောင်း နှင့် ဘုံကျောင်းတို့ကို သွားရောက် လည်ပတ်ပါမည်။ ထို့ နောက် မကာအိုရှိ Fisherman’s Wharf နှင့် Macau Tower တို့ကို သွားရောက်လည်ပတ် ကြပြီးနောက် Macau Diamond Show သို့ဝင်ရောက်ခံစား ကြည့်ရှုကြပါမည်။ ဆက်လက်ပြီး Venetian Resort Hotel ရှိမကာအို၏ ဆွဲဆောင်မှုတစ်ခုဖြစ်သော Casino ကစားရုံများနှင့် ခမ်းနားကြီးကျယ်မူများကို သွားရောက် လေ့လာလည်ပတ်ရင်း မိမိအစီအစဉ်ဖြင့် ပါဝင်ကံစမ်းနိုင်ပါသည်။ ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးပါက မကာအိုမြို့ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day-3: မကာအို-ဟောင်ကောင် (ကားဖြင့်) (မနက်စာ၊ နေ့လည်စာ၊ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မကာအို မှ ဟောင်ကောင် သို့ (Shuttle Bus) အမြန် သင်္ဘောဖြင့် ထွက်ခွာပါမည်။ ဟောင်ကောင်သို့ ရောက်ရှိပါက လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်သန်းပြီးပါက ဟောင်ကောင်မြို့ရှိ Victoria တောင်ထိပ်မှ ဟောင်ကောင်မြို့၏ ရှုခင်းအလှကို ခံစားကြပါမည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ထို့နောက် ကမ္ဘာကျော် မင်းသား၊ မင်းသမီးများ၏ ပုံတူရုပ်ထုများ ထားရှိရာ Madam Tassaud, Golden Bauhinia Square, Avenue of Stars နှင့် Bell Tower စသည့်နေရာများသို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ညနေပိုင်းတွင် ဟောင်ကောင်မြို့၏ ထင်ရှား သော Habour City Shopping Center တွင် လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟောင်ကောင်ရှိ ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day-4: ဟောင်ကောင် Disneyland (မနက်စာ၊ နေ့လည်စာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Hong Kong Disneyland သို့သွားရောက် လည်ပတ် ကြပါမည်။ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင် အမျိုး မျိုးတို့၏ တင်ဆက်ကပြမှုတို့ကို ကြည့်ရှုခံစားရင်း Disneyland အတွင်းတွင် အနားယူအပန်းဖြေပါမည်။ နေ့လည်စာကို Disneyland အတွင်းတွင် ကူပွန်ဖြင့် သုံးဆောင်ပြီး၊ ပျော်ရွှင်ဖွယ် ကစားနည်းမျိုးစုံ ဖြင့် ဆက်လက် ဆော့ကစားပြီး အနားယူအပန်းဖြေပါမည်။ ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီးနောက် Disneyland ရဲတိုက်ကြီးမှ မီးရှုး၊မီးပန်းများဖြင့် နှုတ်ဆက်သော ညအလှကိုခံစားပြီးနောက် ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ပြီး တစ်ညတာ အေးချမ်းစွာအိပ်စက်အနား ယူပါမည်။

Day-5: ဟောင်ကောင်- ရှန်းကျန့် (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရှန်းကျန့်မြို့သို့ ကားဖြင့်ဆက်လက် ထွက်ခွာ ပါမည်။ ရှန်းကျန့်သည် တရုတ်နိုင်ငံ၏ တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးရာမြို့ဖြစ်ပြီး နိုင်ငံအတွင်းတွင်လည်း တစ်ဦးချင်းဝင်ငွေ အများ ဆုံးနှင့် ခေတ်မှီမြို့ကြီးတစ်မြို့ ဖြစ်ပါသည်။ ရှန်းကျန့်ပြတိုက်သို့ သွားရောက်လေ့လာ လည် ပတ်ပါမည်။ ပြီးနောက် နေ့လည်စာ သုံးဆောင် ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ရှန်းကျန့်မြို့ တွင်းရှိ ရွှေတိဂုံဘုရား၊ အန်းကားဝပ် ကျောင်းတော်ကြီး၊ အီဖယ်မျှော်စင်၊ ဆစ်ဒနီကပွဲရုံစသည့် ကမ္ဘာ့အထင်ကရ အဆောက်အဦးပုံစံငယ်များ တည်ရှိရာ Window of the world သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အ၀တ်အထည်များ၊ ဖိနပ်များ၊ နာရီများ၊ ဒေသထွက် အမှတ်တရပစ္စည်းများ အစရှိသော ကုန်ပစ္စည်းများ အများဆုံးရောင်းချရာ Dongmen Shopping Street သို့သွားရောက်၍ လွတ်လပ်စွာ ဈေးဝယ်မည်ဖြစ်ပါသည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရှန်းကျန့်ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။

Day-6: ရှန်းကျန့် (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရှန်း ကျန့်မြို့ရှိ အထူးစီးပွားရေးဇုံ အနှစ်(၃၀)ပြည့် အထိမ်းအမှတ် ပန်းခြံသို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာသုံး ဆောင်ပြီးပါက တရုတ်တိုင်းရင်းသားကျေးရွာ အတွင်းသို့ သွားရောက်ပါမည်။ တရုတ်တိုင်းရင်း သား ကျေးရွာအတွင်းရှိ ရိုးရာအကများ၊ ရိုးရာ ယဉ်ကျေးမှုအ၀တ်များ၊ ရိုးရာပွဲတော်များ၊ ဗိသုကာ လက်ရာများကို လေ့လာပြီးနောက် မဟာတံတိုင်း၊ မင်မင်းဆက်၏ တော်ဝင်နန်းတော်၊ ကူမင်းမှာရှိသော Stone Forest ၊ အစရှိသော တရုတ်ပြည်တွင်းရှိ အထင်ကရ အဆောက်အဦး ပုံစံငယ်များ တည်ရှိသော The Splendid of China သို့သွားရောက်လှည့်လည် ကြည့်ရှုပါမည်။ ထို့နောက် ညစာကို တရုတ်စားသောက် ဆိုင်တွင် သုံးဆောင်ပြီး ရှန်းကျန့်ဟိုတယ်တွင် တစ်ညတာအိပ်စက် အနားယူပါမည်။

Day-7: ရှန်းကျန့်-ကွမ်ကျိုး(ကားဖြင့်) (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင် ပြီးနောက် ကွမ်ကျိုးညမြို့ရှိ အကြီးဆုံးနှင့် အလှပဆုံး ပန်းခြံ ဖြစ်သော Yuexiu ပန်းခြံသို့သွားရောက်လည်ပတ် ကြပါမည်။ Yuexiu ပန်းခြံအတွင်းတွင် ရာသီအ လိုက် ဖူးပွင့်သော ပန်းမျိုးစုံတို့၏လှပမှုနှင့် အတူ ဒဏ္ဏာရီပုံပြင်များနှင့် စိတ်ဝင်စားဖွယ် ကောင်းသော အဆန်းသစ်ဆုံး ဗိသုကာလက်ရာဖြစ်သည့် Five-Ram Sculpture ရုပ်တုကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ ထို့နောက် ကွမ်ကျိုးတီဗွီတာဝါသို့ သွားရောက်ပြီး ပြင်ပမှ အမှတ်တရဓာတ်ပုံများ ရိုက်ပါမည်။ ထို့အပြင် ကွမ်ကျိုးတီဗွီတာဝါသို့ သွားရောက်ပြီး ပြင်ပမှ အမှတ်တရဓာတ်ပုံရိုက်ပါမည်။ ထို့အပြင် ကွမ်ကျိုးပြဇာတ်ရုံ(Guangzhou Opera House) သို့လည်း သွားရောက်၍ အမှတ်တရဓာတ်ပုံရိုက်ပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ကွမ်ကျိုး ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day-8: ကွမ်ကျိုး - ရန်ကုန် (မနက်စာ၊ နေ့လည်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Yeti Road တွင်ဖွင့်လှစ်ထားသော ဈေးရုံကြီးတွင် လွတ်လပ်စွာ ဈေးဝယ်ရန် အချိန်ပေးပါမည်။ ထို့နောက် ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပါသည်။

*ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်ပါစေဟု Nature Link Travels & Tours မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။*

Price Lists

Flight Information (11-18 OCT 2019)

Date Flight Flight No. Departure Time Arrival Time
11-Oct-19 Myanmar Airway International (MAI) 8M 711 08:40AM 13:15AM
18-Oct-19 Myanmar Airway International (MAI) 8M 712 14:15 PM 15:50PM

Hotel Information

City Hotel Name
Zhuhai 4 Star Hotel
Macau 4 Star Hotel
Hong Kong 4 Star Hotel
Shenzhen 4 Star Hotel
Guangzhou 4 Star Hotel
Selling Price Per Pax 1400 USD Per Pax (With Air Ticket) Based on 15pax
Single Supplement 305 USD Per Pax

China Visa နှင် Hong Kong လျှောက်ရန်လိုအပ်ချက်များ

  1. Passport စာအုပ်(အနည်းဆုံးသက်တမ်း (၆)လရှိရမည်) /( မှတ်ပုံတင် ၊ သန်ခေါင်စာရင်း ကော်ပီ)။
  2. ၂ လက်မ ပါတ်လည် ဓါတ်ပုံ (၁)ပုံ ကြည်လင်ပြီး အဖြူနောက်ခံ ( Scan ဖတ်ထားသောပုံများမရပါ )။
  3. ဘဏ်စာအုပ်တင်ပြမည်ဆိုပါက ဘဏ်စာအုပ်မူရင်းနှင့် Bank Certificate။ ဗီဇာလျှောက်ထားမည့်လမတိုင်မီ (၃) လလုံးတွင် ဘဏ်စာအုပ်ထဲတွင် (၃၀) သိန်းထက်အမြဲရှိရနေရပါမည်။
  4. ကုမ္ပဏီတင်ပြမည်ဆိုပါက ကုမ္ပဏီလိုင်စင်ကဒ်၊ Form 6/26 မူရင်း၊(အနည်းဆုံး Director List တွင်ပါဝင်ရပါမည်။)
  5. တရုတ်နိုင်ငံသို. 2015 ခုနှစ်နောက်ပိုင်းသွားဘူးသည့်အထောက်အထားများပြနိုင်လျှင် ပိုင်ဆိုင်မှုများပြရန်မလိုပါ။

Included/Exclude

  • ခရီးစဉ်တစ်လျှောက်အကြိုအပို့
  • လေယာဉ်လက်မှတ်အသွားအပြန်
  • ခရီးစဉ်တွင်ပါဝင်သော လည်ပတ်သည့်နေရာများအတွက် ဝင်ကြေးများ
  • ဟိုတယ်တွင် တည်းခိုစရိတ်။ (Twin Sharing)
  • ခရီးစဉ်အသေးစိတ်အချက်အလက်တွင် ဖော်ပြထားသည့်အတိုင်း မနက်စာ၊ နေ့လည်စာ နှင့် ညစာ
  • နေ့စဉ်အတွက် သောက်ရေသန့်
  • English Speaking Guide နှင့် Tour Leader ဝန်ဆောင်မှု
  • အထက်ဖော်ပြပါခရီးစဉ်တွင် မပါရှိသော လည်ပတ်မှုများ
  • ဟိုတယ်ရှိ ကိုယ်ပိုင်အသုံးစရိတ်များ။ (Drinks, Mini bar, Room service, Telephone calls, Laundry, Souvenirs & etc)
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့်အဖျော်ယမကာ
  • လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်ခများ
  • ဧည့်လမ်းညွှန်အတွက် (Tip Money)

Tour's Location

Created with Sketch. Yangon, Myanmar (Burma)

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from $1.400,00

Organized by

peacesoft12

Member Since 2019

You might also like

Get Updates & More

Thoughtful thoughts to your inbox