from $500,00
Book Now

Ho Chi Minh – Da Nang – Hoi An (4N5D)

Created with Sketch. Yangon, Myanmar (Burma)
Not Rated
Created with Sketch.

Duration

5 Days / 4 Nights

Created with Sketch.

Tour Type

Daily Tour

Created with Sketch.

Group Size

Unlimited

Created with Sketch.

Languages

English

Itinerary

Expand All
Day 1 ~ ရန်ကုန် - ဟိုချီမင်း - ဒါနန်း (ညစာ)
Day 1 ~ ရန်ကုန် - ဟိုချီမင်း - ဒါနန်း (ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Nature Link Travels & Tours မှ Tour Leader ဖြင့်တွေ့ဆုံပြီး ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံလေဆိပ်သို့ စတင်ထွက်ခွာပါမည်။ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံလေဆိပ်မှတဆင့် ဒါနန်းလေဆိပ်သို့ ဆက်လက်ထွက်ခွာကြပါမည်။ ဒါနန်းလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check In ပြုလုပ်ပြီး အိပ်စက်အနားယူကြပါမည်။

Day 2 ~ ဒါနန်း - ဟွေ့အမ်း - ဒါနန်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 2 ~ ဒါနန်း - ဟွေ့အမ်း - ဒါနန်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် မနက်စာသုံးဆောင်ကြပြီးနောက် ဒါနန်းမြို့၏ တောင်ဘက် Ngu Hanh Son ခရိုင်တွင် တည်ရှိပြီး ထုံးကျောက်တောင်များနှင့် စကျင်ကျောက်တောင်ကြီး ၅ ခု ဝန်းရံထားသည့် Marble Mountains သို့သွားရောက်ပြီး ရင်သက်ရှုမောဖွယ်ရှုခင်းအလှများကို သွားရောက်ခံစားရင်း စကျင်ကျောက်ပန်းပုပြတိုက် (Cham Museum) နှင့် စကျင်ကျောက်ပန်းပုများပြုလုပ်နေပုံ အဆင့်ဆင့်ကိုလည်း သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ထိုနောက် အရှေ့ တောင်အာရှ၏ အပြည်ပြည်ဆိုင်ရာအဓိက သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သော Hoi An Ancient Town သို့သွားရောက် လည်ပတ်ကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် Tan Ky ရှေးဟောင်း အိမ်ကြီးသို့သွားရောက်ကာ အိမ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို လေ့လာကြည့်ရှု့လည်ပတ်ကြပါမည်။ ထို့ နောက် (၁၈) ရာစုနှစ်၏ အထင်ကရနေရာဖြစ်သော Japan Covered Temple Bridge သို့ရောက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပါမည်။ ထို့မှတဆင့် Phuc Kien မြို့တော်ခန်းမ၊ ရိုးရာယဉ်ကျေးမှုပညာပြခန်း နှင့် ဟွေ့အမ်း Colorful Market သို့သွားရောက်လည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် ဒါနန်းမြို့သို့ပြန်လည် ထွက်ခွာပြီး ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။

Day 3 ~ ဒါနန်း - Ba Na Hill - ဟိုချီမင်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 3 ~ ဒါနန်း - Ba Na Hill - ဟိုချီမင်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် မနက်စာသုံးဆောင်ကြပြီးနောက် ဗီယက်နမ်အလယ်ပိုင်းကို လူသိများစေသော လက်ကြီး နှစ်ဖက်ပေါ်မှ ရွှေရောင်တံတားတည်ရှိရာ Ba Na တောင်တန်းပေါ်သို့ ဂရင်းနစ်စံချိန်တင်ခံရသော Cable Car ဖြင့်သွားရောက်လည်ပတ်ကြပါမည်။ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြသည့် Fantasy Park တွင်ပျော်ရွှင်စွာ လည်ပတ်ကြပြီး စိတ်လှုပ်ရှားဖွယ် Alpine Coaster စီးကြပါမည်။ ထို့နောက်နေ့လည်စာကို ဒေသခံစားသောက်ဆိုင် တွင်သုံးဆောင်ကြပါမည်။ ထို့နောက် တောင်ကမ်းပါးစောင်းတွင် တည်ဆောက်ထားသော ကြိုးဆွဲရထား (Funicular) စီးကာ Linh Ung ဘုရားသို့ သွားရောက်ဖူးမြှော်ကြပါမည်။ ထိုမှတဆင့် လှပပြီး အရောင်အသွေးစုံလင်သော ပန်းပေါင်း စုံရှိရာ Le Jardin D’Amour ပန်းခြံတွင် အလှဓာတ်ပုံများရိုက်ကူးကြပြီးနောက် ပြင်သစ်တို့တည်ဆောက်ထားခဲ့သော ဝိုင်သိုလှောင်ရုံ (Debay Wine Cellar) သို့သွားရောက်ကာ ဝိုင်အရသာများကိုလည်း လေ့လာမြည်းစမ်းကြပါမည်။ ဥရောပအငွေ့အသက်များ ခံစားနိုင်မည့် ပြင်သစ်ရွာလေး (French Village) သို့သွားရောက်ကာ အမှတ်တရများဖန်တီး ပြီး စိတ်ကြိုက်ဓာတ်ပုံများရိုက်ကူးနိုင်ကြပါမည်။ ထို့နောက် ဒါနန်းလေဆိပ်သို့ပို့ဆောင်ပေးပြီး ဟိုချီမင်းမြို့သို့ ပြန်လည် ထွက်ခွာကြပါမည်။ ဟိုချီမင်းမြို့သို့ ရောက်ရှိပြီး ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုချီမင်းမြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။

Day 4 ~ ကူချီဥမင် - ဟိုချီမင်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 4 ~ ကူချီဥမင် - ဟိုချီမင်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့မှ ကီလိုမီတာ (၇၀) အကွာတွင်ရှိသော ကူချီဥမင် သို့သွားရောက် လေ့လာလည်ပတ်ကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် War Remnant Museum၊ ဗဟိုစာတိုက်ကြီး (Post Office)၊ Notre Dame ဘုရားကျောင်း၊ ပြန်လည် ပေါင်းစည်း ရေးနန်းတော် (Re – unification Palace) နှင့် Opera House တို့ကို သွားရောက်လေ့လာလည်ပတ်ကြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ညနေပိုင်းတွင် Saigon Square နှင့် Ben Thanh Colorful Market တို့တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်နိုင်ရန်အတွက် ပို့ဆောင်ပေးပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပြီး နောက် ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။

Day 5 ~ ဟိုချီမင်း - ရန်ကုန် (မနက်စာ)
Day 5 ~ ဟိုချီမင်း - ရန်ကုန် (မနက်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန်အတွက် ဆိုင်ဂုံအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ဆိုင်ဂုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ အေးချမ်းစွာပြန် လည်ရောက်ရှိ မည်ဖြစ်ပါသည်။

Price Lists

၁၂ – ၁၆ အောက်တိုဘာလ ၂၀၁၉း

Flight Information

Date Flight Flight No. Departure Time Arrival Time
12 OCT 2019 Vietnam Airline VN-942 12:10 15:10
16 OCT 2019 Vietnam Airline VN-236 12:00 14:05

Hotel Information

City Hotel Name
DA NANG MERRY HOTEL (OR) SIMILAR
HO CHI MINH LE DUY HOTEL (OR) SIMILAR
Selling Price Per Pax 500 – USD (Air Ticket/ Based on 20pax)
Single Supplement 85 – USD

မှတ်ချက်။ ။ သွားရောက်လည်ပတ်မည့်ရက်ပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။

Included/Exclude

  • လေယာဉ်လက်မှတ်အသွားအပြန်။
  • ခရီးစဉ်တစ်လျှောက်အကြိုအပို့။
  • ကြယ် ၃ ပွင့် အဆင့်ရှိဟိုတယ်တွင် ၃ ညတာ တည်းခိုစရိတ်။ (Twin or Triple Sharing)
  • ခရီးစဉ်တွင်ပါဝင်သော လည်ပတ်သည့်နေရာများအတွက် ဝင်ကြေးများ။
  • ဟိုတယ်တွင် တည်းခိုစရိတ်။ (Twin Sharing)
  • ခရီးစဉ်အသေးစိတ်အချက်အလက်တွင် ဖော်ပြထားသည့်အတိုင်း မနက်စာ၊ နေ့လည်စာ နှင့် ညစာ။
  • နေ့စဉ်အတွက် သောက်ရေသန့်။
  • English Speaking Guide နှင့် Tour Leader ဝန်ဆောင်မှု။
  • ခရီးသွားအာမခံ။
  • ဧည့်လမ်းညွှန်အတွက် (Tip Money) ။
  • အထက်ဖော်ပြပါခရီးစဉ်တွင် မပါရှိသော လည်ပတ်မှုများ။
  • ဟိုတယ်ရှိ ကိုယ်ပိုင်အသုံးစရိတ်များ။ (Drinks, Mini bar, Room service, Telephone calls, Laundry, Souvenirs & etc)
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့်အဖျော်ယမကာ။
  • လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်ခများ။

Tour's Location

Created with Sketch. Yangon, Myanmar (Burma)

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from $500,00

Organized by

peacesoft12

Member Since 2019

You might also like

Get Updates & More

Thoughtful thoughts to your inbox