from 593 USD
Book Now

Cambodia ~ Bangkok Trip (3N4D)

Not Rated
Duration

4 Days / 3 Nights

Tour Type

Daily Tour

Group Size

Unlimited

Languages

English

Itinerary

Expand All
Day 01 ~ ရန်ကုန် - ဘန်ကောက် - ကမ္ဘောဒီးယား ( - / နေ့လည်စာ / ညစာ)
Day 01 ~ ရန်ကုန် - ဘန်ကောက် - ကမ္ဘောဒီးယား ( - / နေ့လည်စာ / ညစာ)

ပထမရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) သို့ မနက်(၆)နာရီတိတိတွင် ရောက် ရှိရမည်ဖြစ်ပြီး၊ Nature Link Travels and Tours ၏ အုပ်စုခေါင်းဆောင်မှ ခရီးဦးကြိုပြုလုပ်ပါမည်။ ထို့နောက် လေကြောင်း ခရီးစဉ်အမှတ် (UB-019 07:45-09:45) ဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် နေ့လည် စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ထိုင်းနှင့် ကမ္ဘော ဒီးယား နယ်စပ်သို့ကားဖြင့် သွားရောက်ပြီး ထိုင်းလဝကတွင် Entry တံဆိပ်တုံးနှိပ်ပြီး ကမ္ဘောဒီးယားရှိ ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် ညစာသုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 02 ~ ကမ္ဘောဒီးယား - ဆီရမ်ရိ ( နံနက်စာ / နေ့လည်စာ / ညစာ)
Day 02 ~ ကမ္ဘောဒီးယား - ဆီရမ်ရိ ( နံနက်စာ / နေ့လည်စာ / ညစာ)

ဒုတိယရက်မှာတော့ ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဆီရမ်ရိမြို့နှင့် (၄)ကီလိုမီတာသာ ဝေးသော အန်ကောမြို့ဟောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ရှားဆုံးသော အန်ကောဝပ်ကျောင်း တော်ကြီးသို့ သွားရောက်လည်ပတ်ပါမည်။ အန်ကောဝပ်ကျောင်းတော်ကြီးကို ၁၂ ရာစု တွင် တည်ဆောက်ခဲ့ပြီး တည်ဆောက်ခဲ့စဉ်ကာလ၏လူနေမှုစရိုက်ပုံများ၊ ရာမယန ဇာတ်တော်ဘွဲ့စသည်တို့ ကို အသေးစိပ်ထူတွင်း ပုံဖော်ထားပြီး၊ စာကြည့်တိုက်၊ တရားစီရင်ရုံး၊ ရေချိုးကန် စသည်အဆောင်ပေါင်းများစွာ ဖွဲ့စည်းတည်ဆောက် ထားပြီး ရှေးခမာတို့၏လက်ရာကို ကြည့်ရှုခံစားနိုင်ပါသည်။ ထို့နောက် နေ့လည်စာကို ဒေသဆိုင်ရာစားသောက် ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Elephant Terrace and Leper King Terrace, Royal Palace Enclosure, Ta – Prohm Temple သို့ရောက်လေ့လာလည်ပတ်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။

Day 03 ~ ဆီရမ်ရိ - ဘန်ကောက် ( နံနက်စာ / နေ့လည်စာ / ညစာ )
Day 03 ~ ဆီရမ်ရိ - ဘန်ကောက် ( နံနက်စာ / နေ့လည်စာ / ညစာ )

တတိယရက်မှာတော့ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့သို့ကားဖြင့် ပြန်လည်ထွက်ခွာ လာပါမည်။ နေ့လည်စာကို လမ်းခရီးရှိ Local Restaurant သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ဘန်ကောက်သို့ ရောက်ရှိပြီး ညစာကို Local Restaurant တွင် သုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ် တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 04 ~ ဘန်ကောက် - ရန်ကုန် ( နံနက်စာ / နေ့လည်စာ / - )
Day 04 ~ ဘန်ကောက် - ရန်ကုန် ( နံနက်စာ / နေ့လည်စာ / - )

စတုတ္ထရက်မှာတော့ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Dream World သို့သွားရောက် လည်ပတ်ပြီး Snow Town တွင် နေ့လည်စာအားသုံးဆောင်ပါမည်။ ထို့နောက် မိမိတို့စိတ်ကြိုက် ဈေးဝယ်နိုင် ရန် Shopping Mall သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ပို့ဆောင်ပေးပြီး လေကြောင်းလိုင်း ခရီးစဉ်အမှတ် (UB-019 07:45-09:45) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပါ မည်။

Included/Excluded

  • 3 Star ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
  • ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန်လက်မှတ်။
  • ခရီးစဉ်တစ်လျှောက် လှည့်လည်ရာ အသုံးပြုမည့် Aircon Private Car။
  • ကျွမ်းကျင်ခရီးသွားခေါင်းဆောင် ဝန်ဆောင်မှု။
  • English Speaking Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသော မနက်စာ၊ နေ့လည်စာ၊ ညစာ။
  • ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများ။
  • ခရီးသွားအာမခံ (Travel Insurance)
  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသော အခြားတစ်ကိုယ်ရေ အသုံးစရိတ်များ။
  • ဟိုတယ်တွင် Mini Bar အသုံးပြုမှုများ။

Durations

Multi day

Tour's Location

FAQs

Why are your tours so expensive?

Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis

Can you book a hotel for me?

Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis

What is your cancellation policy?

Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis

Can you send us the final itinerary before we book the tour?

Varius massa maecenas et id dictumst mattis. Donec fringilla ac parturient posuere id phasellus erat elementum nullam lacus cursus rhoncus parturient vitae praesent quisque nascetur molestie quis

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

from 593 USD

You might also like