from $805,00
Book Now

Bali Trip (5N16D)

Created with Sketch. Yangon, Myanmar (Burma)
Not Rated
Created with Sketch.

Duration

6 Days / 5 Nights

Created with Sketch.

Tour Type

Daily Tour

Created with Sketch.

Group Size

Unlimited

Created with Sketch.

Languages

English

Itinerary

Expand All
Day 01 ~ ရန်ကုန် - ဘန်ကောက်- ဘာလီ ( ညစာ )
Day 01 ~ ရန်ကုန် - ဘန်ကောက်- ဘာလီ ( ညစာ )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Thai Lion လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ Thai Lion လေကြောင်းခရီးစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာအနားယူအိပ်စက်မည်ဖြစ်ပါသည်။

Day 02 ~ ဘာလီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 02 ~  ဘာလီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သဘာဝယဉ်ကျေးမှု အနုပညာများကိုသိရှိစေရန် Batubulan ရွာလေးသို့ သွားရောက်ပြီး အင်ဒိုနီးရှားလူမျိုးများ၏ ရိုးရာကပွဲ Keris & Barong ဟုခေါ်သော အကအလှများ ခံစားရင်း ဒေသခံရွာသားများ၏ နေ့စဉ်ဘ၀ပုံစံများကို သွားရောက်လေ့လာကြပါမည်။ ထို့နောက် ဘာလီ လူမျိုးများ၏ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သော ငွေထည်ပစ္စည်းများ၊ ရွှေထည်များ ပုံစံသွင်း အလှဆင်သည့် ပန်းတိမ်ပညာများ နှင့် ခင်းကျင်းပြသထားသော လက်ရာများကို Celuk ရွာလေးတွင် သွားရောက် ကြည့်ရှုပါမည်။ ထို့နောက် MAS ရွာလေးတွင် သစ်သားပန်းပုထုလုပ်နေပုံများကို သွားရောက်လေ့လာကြပြီး Tampak Siring ဘုရားကျောင်းရှိ ရေပူစမ်းတွင် ပျော်ရွှင်စွာ ရေစိမ်ကြပါမည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Elephant Cave နှင့် သက်ဝင်လှုပ်ရှားနေသော မီးတောင်တစ်ခု ဖြစ်သည့် Kintamani မီးတောင်ပတ်ဝန်းကျင်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ညစာကို ဒေသခံစားသောက် ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပြီးနောက် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 03 ~ ဘာလီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 03 ~ ဘာလီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၁၇ ရာစုနှစ်တွင် တည်ဆောက်ခဲ့ပြီး တော်ဝင်မိသားစု ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့သော Mengwi Royal Temple သို့သွားရောက် လေ့လာပါမည်။ ဆက်လက်၍ တောင်များဝန်းရံထားပြီး အလယ်တွင် သာယာလှပသော Baturကန် နှင့် မီးတောင်ဝန်းကျင်ရှိရွာငယ်များက လာရောက် လည်ပတ်သူတို့၏ စိတ်နှလုံးကိုလန်းဆန်းကြည်လင်စေပါသည်။ ထို့နောက် နေ့လည်စာကို အင်ဒိုနီးရှားရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဘာလီအနောက်ဘက်တွင် တည်ရှိပြီး Monkey Forest ဟု လူသိများထင်ရှားသော Alas Kedaton သစ်တောသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဘ၀အမောများ မေ့လျော့သွားလောက်အောင် ဖမ်းစားနိုင်သည့် မိုးကုတ်စက်ဝိုင်းနှင့် ပင်လယ်ပြင် ထိစပ်မှုကို မြင်တွေ့နိုင်သော ညနေခင်း ဆည်းဆာအလှကို Tanah Lot Temple မှ ကြည့်ရှုခံစားကြပါမည်။ ညစာသုံး ဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်း စွာအိပ်စက်အနား ယူမည်ဖြစ်ပါသည်။

Day 04 ~ ဘာလီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 04 ~ ဘာလီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘာလီကျွန်းသို့ လာရောက်လည်ပတ်သော ခရီးစဉ် ပိုမိုပြည့်စုံရန် Tanjung Benoa ကမ်းခြေသို့သွားရောက်ပြီး Water Sport Activities များတွင် မိမိကြိုက်နှစ်သာရာ ကစားနည်းများကို လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါမည်။ နေ့လည်စာကို Tanjung Benoa ကမ်းခြေရှိ Local Restaurant တွင်သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Dream Land Beach တွင်သွားရောက် အပန်းဖြေကြပါမည်။ ဆက်လက်၍ ဘာလီကျွန်းသားတို့ ရိုးရာကော်ဖီပြုလုပ်ပုံအဆင့်ဆင့်နှင့် ဒေသထွက်ဟင်းခတ် အမွှေးအကြိုင်များနှင့် အသီးအနှံများကို ဘာလီဒေသခံအိမ်တွင် သွားရောက်မြည်းစမ်းမည်ဖြစ်ပါသည်။ ထို့နောက် ဘာလီမြို့၏ အချက်အချာ ဈေးဝယ်လမ်းနှင့် Discovery Shopping Mall သို့ လွတ်လပ်စွာဈေးဝယ်ရန် အချိန်ပေး ပါမည်။ ညစာကိုဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

Day 05 ~ ဘာလီ - ဘန်ကောက် (မနက်စာ၊နေ့လည်စာ၊-)
Day 05 ~ ဘာလီ - ဘန်ကောက် (မနက်စာ၊နေ့လည်စာ၊-)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Thai Lion Airline လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ထို့နောက် တစ်နေ့တာပင်ပန်းသမျှကို ထိုင်းနိုင်ငံ ဒွန်းမောင်းလေဆိပ်အနီးရှိဟိုတယ်တွင် အိပ်စက်အနား ယူမည်ဖြစ်သည်။

Day 06 ~ ဘန်ကောက် - ရန်ကုန် (မနက်စာ)
Day 06 ~ ဘန်ကောက် - ရန်ကုန် (မနက်စာ)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် လေဆိပ်မှ Thai Lion Airline လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာ လာမည်ဖြစ် ပါသည်။

Price Lists

Flight Information

Date Flight Flight No. Departure Time Arrival Time
11 –Oct-2019 RGN – BKK SL-201 09:25 11:15
11 -Oct-2019 BKK – DPS SL-258 13:25 18:40
15 -Oct-2019 DPS – BKK SL-259 19:40 23:05
16 -Oct-2019 BKK – RGN SL-200 07:35 08:25

Hotel Information

City Hotel Name
BALI Siesta Legian / Grand Livio
Bangkok Moca Hotel (or) Similar
Selling Price Per Pax 805 USD Per Pax (With Air Ticket)
Single Supplement 125 USD Per Pax

မှတ်ချက်။ ။အချိန်ကာလပေါ်မူတည်၍ဈေးနှုန်အပြောင်းအလဲရှိနိုင်သည်။

Included/Exclude

  • 3 Star ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
  • ရန်ကုန် - ဘာလီ - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်။
  • ခရီးစဉ်တစ်လျှောက် လှည့်လည်ရာတွင် အသုံးပြုမည့် Aircon Private Car
  • ကျွမ်းကျင်ခရီးသွားခေါင်းဆောင် ၀န်ဆောင်မှု။
  • English Speaking Tour Guide
  • ခရီးစဉ်တွင် ဖော်ပြထားသော မနက်စာ၊ နေ့လည်စာ၊ ညစာ။
  • ခရီးစဉ်တွင် ဖော်ပြထားသော ၀င်ကြေးများ။
  • Tip Money များ
  • Day 05 တွင် ညစာမပါဝင်ပါ။
  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသော အခြားတစ်ကိုယ်ရေ အသုံးစရိတ်များ။
  • ဟိုတယ်တွင် Mini Bar အသုံးပြုမှုများ။

Tour's Location

Created with Sketch. Yangon, Myanmar (Burma)

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from $805,00

Organized by

peacesoft12

Member Since 2019

You might also like

Get Updates & More

Thoughtful thoughts to your inbox