from 0 review
6 Days / 5 Nights
Daily Tour
Unlimited
English
ပထမနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) သို့ မနက် (၁၀) နာရီတိတိတွင် ရောက်ရှိ ရမည်ဖြစ်ပြီး၊ Nature Link Travels and Tours ၏ အုပ်စုခေါင်းဆောင်မှ ခရီးဦးကြိုပြုလုပ်ပါမည်။ ထို့နောက် လေကြောင်း ခရီးစဉ်ဖြင့် ထိုင်ဝမ်နိုင်ငံ ထောင်ယွဲင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Shilin Night Market တွင် ဈေးဝယ်ထွက်ပြီး ဟိုတယ်တွင်အိပ်စက် အနားယူပါမည်။
ဒုတိယနေ့တွင် နံနက်စာအား ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Jiufen Old Street သို့သွားရောက် လည်ပတ်ပါမည်။ Jiufen ဟုခေါ်သော တောင်ပေါ်ရွာလေးသည် အင်မတန်သာယာလှပသည့် တောင်စောင်း မြင့်ပေါ်တွင် တည်ရှိပြီး နာမည်ကြီး အချိုပွဲတစ်ခုဖြစ်သော ပိန်းဥ အချိုပွဲရည်ကို အပူ၊ အအေး ရရှိနိုင်ပြီး ဒေသထွက် လက်ဖက်ခြောက်ဆိုင်များ အစီအရီတွေ့နိုင်ပါသည်။ ထို့နောက် ကမ္ဘာထူးဆန်းအံ့ဖွယ်ရာ ရှုခင်းကြီးများအနက် တစ်ခုအပါအဝင်ဖြစ်သော Yehliu Geopark သို့သွားရောက်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၄၀) ကျော်လောက်က ရေလွှာတိုက်စားမှုကြောင့် ရေပြင်ပေါ်သို့ ထိုးထွက်နေသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို ပုံစံ အမျိုးမျိုး အစီအရီဖြင့် လူသိများသော ဘုရင်မဦးခေါင်းပုံ ကျောက်ပွင့်၊ မှိုပွင့်ပုံ၊ ကျောက်ပွင့်များ၊ ဂျင်းတက်ပုံ ကျောက် ပွင့်များအား လေ့လာနိုင်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ နေ့လည်စာအား ဒေသဆိုင်ရာ စားသောက် ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Taipei ရှိ 101 Shopping Mall နှင့် Ximending Shopping Area သို့သွားရောက် လည်ပတ်ပါမည်။ ညစာကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက်ဟိုတယ်သို့ပြန်၍ တစ်နေ့တာပင်ပန်းသမျှကို အေးချမ်းစွာအိပ်စက်အနားယူပါမည်။
တတိယနေ့တွင် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက လွတ်လပ်ရေးဖခင်ကြီးဖြစ်ပြီး အာရှတွင် စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်အောင် ထိုင်ဝမ်ကို အုတ်မြစ်ချပေးခဲ့သော ကွန်မင်တန်ပါတီ ခေါင်း ဆောင်တစ်ဦးဖြစ်သော ချန်ကေရှတ် ၏အာဇာနည်ဗိမာန်အား သွားရောက်လည်ပတ်လေ့လာပါမည်။ ထို့နောက် Vigor kobo – Pineapple Cake ပြုလုပ်ရာနေရာသို့ပို့ဆောင်ပေးပြီး မုန့်လုပ်နည်းအား လေ့လာ သင်ယူကြမည် ဖြစ်ပါသည်။ Taichung သို့ဆက်လက်သွားရောက်ပြီး နေ့လည်စာကို ဒေသဆိုင်ရာ စားသောက် ဆိုင်တွင် သုံးဆောင်ပါမည်။ Rainbow Village သို့သွားရောက်လည်ပတ်ပြီး အရောင်အသွေးစုံလှသော အမြင်ဆန်းစွာ ချယ်သထားသည်များကို တွေ့မြင်နိုင်ပါမည်။ အကြီးဆုံးပြဇာတ်ရုံဖြစ်သော National Taichung Theater အား သွားရောက်လေ့လာလည်ပတ်ပါမည်။ ညနေစာအား Buffet Hot Pot သုံးဆောင်ပြီး ဟိုတယ်တွင် Check in ဝင်ရောက်၍ Yizhong Street Night Market သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
စတုတ္ထနေ့တွင် နံနက်စာအား ဟိုတယ်တွင်သုံးဆောင်ပြီး ပင်လယ်ရေမျက်နှာပြင် မီတာ (၇၀၀) အထက် တွင်တည်ရှိနေသော နေလရေကန်ကြီးသို့သွားရောက်လည်ပတ်ပါမည်။ ရေကန်၏ တစ်ခြမ်းသည် နေလုံးကြီး နှင့်တူပြီး နောက်တစ်ခြမ်းမှာတော့ လခြမ်းကွေးနှင့်တူသည့်အတွက် နေလရေကန်ဟုတင်စားခေါ် ဝေါ်ကြခြင်း ဖြစ်ပါသည်။ Cruise ဖြင့် နေလရေကန်အားလှည့်လည်ကြည့်ရှုလေ့လာပြီး Xuanzang Temple သို့သွားရောက် ဖူးမြော်ပါမည်။ နေ့လည်စာအား ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေလ ရေကန်၏ တစ်ဖက်ရေကန်ကို မှေးတင်ထားသော ဝန်းဝူဘုံကျောင်းသို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ကောင်းရှုံမြို့သို့ သွားရောက် လည်ပတ်ပြီးပါက Shinkuchan District Shopping Area တွင် ဈေးဝယ်ထွက်ကြ ပါမည်။ ညစာအားဒေသ ဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ City Suites – Chenai Hotel တွင် အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။
ပဉ္စမနေ့တွင် နံနက်စာအား ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထိုင်ဝမ်လူမျိုးတို့အတွက် ကံဆိုးမှုများကို လွတ်မြောက်စေပြီး ကံကောင်းခြင်းများကို ခေါ်ဆောင်ဖို့ရန်ဆုတောင်းရသည့် ကောင်းရှုံမြို့ကြိုရင်ဒေသအနီး ကြာကန်ကြီးထဲတွင် လက်ရာမြောက်သော ပန်းတမော့လက်ရာများနှင့် အဆင့်ပေါင်း (၇)ဆင့်၊ ထောင့်ချိုးပေါင်း (၁၂) ခုဖြင့် ဆောက်လုပ်ထားသော ကျားနဂါးပြသာဒ်ကြီးသို့သွားရောက် လေ့လာလည်ပတ်ပါမည်။ နဂါးကြီး၏ ပါးစပ်မှစ၍ဝင်ရပြီး ကျား၏ပါးစပ်မှပြန်လည်ထွက်လာရခြင်းဖြစ်ပါသည်။ နေ့လည်စာအား ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် ထိုင်ဝမ်ကျွန်း၏ ဗုဒ္ဓသာသနာဆက်လက်ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် မြတ်စွာဘုရား၏ အံ့သွားတော်ကိုဌာပနာထားကာ ကမ္ဘာ့အကြီးဆုံးသောကြေးသွန်းဘုရားကြီး ကိုတည်ထားကိုးကွယ်ထားသည့် ဖော်ကွမ်းစန်း ဗုဒ္ဓဝင်ပြခန်းသို့သွားရောက် ဖူးမြော်ပြီး တရုတ်ယဉ်ကျေးမှု ဗိသုကာလက်ရာများကို လေ့လာနိုင်ပါမည်။ Taoyuan သို့ဆက်လက်ထွက်ခွာပြီး ညစာအား ဒေသဆိုင်ရာ စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက City Suites Gatway Hotel တွင်အိပ်စက် အနားယူပါမည်။
ဆဌမနေ့တွင် နံနက်စာအား ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထို့နောက် Taoyuan International Airport သို့ ဆက်လက်ပို့ဆောင်ပေးပြီး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အေးချမ်းစွာပြန်လည် ရောက်ရှိပါမည်။
Leave a Reply