from 0 review
4 Days / 3 Nights
Daily Tour
Unlimited
English
ပထမရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) သို့ မနက်(၆)နာရီတိတိတွင် ရောက် ရှိရမည်ဖြစ်ပြီး၊ Nature Link Travels and Tours ၏ အုပ်စုခေါင်းဆောင်မှ ခရီးဦးကြိုပြုလုပ်ပါမည်။ ထို့နောက် လေကြောင်း ခရီးစဉ်အမှတ် (UB-019 07:45-09:45) ဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် နေ့လည် စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ထိုင်းနှင့် ကမ္ဘော ဒီးယား နယ်စပ်သို့ကားဖြင့် သွားရောက်ပြီး ထိုင်းလဝကတွင် Entry တံဆိပ်တုံးနှိပ်ပြီး ကမ္ဘောဒီးယားရှိ ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် ညစာသုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
ဒုတိယရက်မှာတော့ ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဆီရမ်ရိမြို့နှင့် (၄)ကီလိုမီတာသာ ဝေးသော အန်ကောမြို့ဟောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ရှားဆုံးသော အန်ကောဝပ်ကျောင်း တော်ကြီးသို့ သွားရောက်လည်ပတ်ပါမည်။ အန်ကောဝပ်ကျောင်းတော်ကြီးကို ၁၂ ရာစု တွင် တည်ဆောက်ခဲ့ပြီး တည်ဆောက်ခဲ့စဉ်ကာလ၏လူနေမှုစရိုက်ပုံများ၊ ရာမယန ဇာတ်တော်ဘွဲ့စသည်တို့ ကို အသေးစိပ်ထူတွင်း ပုံဖော်ထားပြီး၊ စာကြည့်တိုက်၊ တရားစီရင်ရုံး၊ ရေချိုးကန် စသည်အဆောင်ပေါင်းများစွာ ဖွဲ့စည်းတည်ဆောက် ထားပြီး ရှေးခမာတို့၏လက်ရာကို ကြည့်ရှုခံစားနိုင်ပါသည်။ ထို့နောက် နေ့လည်စာကို ဒေသဆိုင်ရာစားသောက် ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Elephant Terrace and Leper King Terrace, Royal Palace Enclosure, Ta – Prohm Temple သို့ရောက်လေ့လာလည်ပတ်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။
တတိယရက်မှာတော့ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့သို့ကားဖြင့် ပြန်လည်ထွက်ခွာ လာပါမည်။ နေ့လည်စာကို လမ်းခရီးရှိ Local Restaurant သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ဘန်ကောက်သို့ ရောက်ရှိပြီး ညစာကို Local Restaurant တွင် သုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ် တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
စတုတ္ထရက်မှာတော့ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Dream World သို့သွားရောက် လည်ပတ်ပြီး Snow Town တွင် နေ့လည်စာအားသုံးဆောင်ပါမည်။ ထို့နောက် မိမိတို့စိတ်ကြိုက် ဈေးဝယ်နိုင် ရန် Shopping Mall သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ပို့ဆောင်ပေးပြီး လေကြောင်းလိုင်း ခရီးစဉ်အမှတ် (UB-019 07:45-09:45) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပါ မည်။
Leave a Reply