from 0 review
6 Days / 5 Nights
Daily Tour
Unlimited
English
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Thai Lion လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ Thai Lion လေကြောင်းခရီးစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်တွင် အေးချမ်းစွာအနားယူအိပ်စက်မည်ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သဘာဝယဉ်ကျေးမှု အနုပညာများကိုသိရှိစေရန် Batubulan ရွာလေးသို့ သွားရောက်ပြီး အင်ဒိုနီးရှားလူမျိုးများ၏ ရိုးရာကပွဲ Keris & Barong ဟုခေါ်သော အကအလှများ ခံစားရင်း ဒေသခံရွာသားများ၏ နေ့စဉ်ဘဝပုံစံများကို သွားရောက်လေ့လာကြပါမည်။ ထို့နောက် ဘာလီ လူမျိူးများ၏ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သော ငွေထည်ပစ္စည်းများ၊ ရွှေထည်များ ပုံစံသွင်း အလှဆင်သည့် ပန်းတိမ်ပညာများ နှင့် ခင်းကျင်းပြသထားသော လက်ရာများကို Celuk ရွာလေးတွင် သွားရောက် ကြည့်ရှုပါမည်။ ထို့နောက် MAS ရွာလေးတွင် သစ်သားပန်းပုထုလုပ်နေပုံများကို သွားရောက်လေ့လာကြပြီး Tampak Siring ဘုရားကျောင်းရှိ ရေပူစမ်းတွင် ပျော်ရွှင်စွာ ရေစိမ်ကြပါမည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Elephant Cave နှင့် သက်ဝင်လှုပ်ရှားနေသော မီးတောင်တစ်ခု ဖြစ်သည့် Kintamani မီးတောင်ပတ်ဝန်းကျင်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ညစာကို ဒေသခံစားသောက် ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပြီးနောက် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၁၇ ရာစုနှစ်တွင် တည်ဆောက်ခဲ့ပြီး တော်ဝင်မိသားစု ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့သော Mengwi Royal Temple သို့သွားရောက် လေ့လာပါမည်။ ဆက်လက်၍ တောင်များဝန်းရံထားပြီး အလယ်တွင် သာယာလှပသော Baturကန် နှင့် မီးတောင်ဝန်းကျင်ရှိရွာငယ်များက လာရောက် လည်ပတ်သူတို့၏ စိတ်နှလုံးကိုလန်းဆန်းကြည်လင်စေပါသည်။ ထို့နောက် နေ့လည်စာကို အင်ဒိုနီးရှားရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဘာလီအနောက်ဘက်တွင် တည်ရှိပြီး Monkey Forest ဟု လူသိများထင်ရှားသော Alas Kedaton သစ်တောသ့ို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဘဝအမောများ မေ့လျော့သွားလောက်အောင် ဖမ်းစားနိုင်သည့် မိုးကုတ်စက်ဝိုင်းနှင့် ပင်လယ်ပြင် ထိစပ်မှုကို မြင်တွေ့နိုင်သော ညနေခင်း ဆည်းဆာအလှကို Tanah Lot Temple မှ ကြည့်ရှုခံစားကြပါမည်။ ညစာသုံး ဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်း စွာအိပ်စက်အနား ယူမည်ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘာလီကျွန်းသို့ လာရောက်လည်ပတ်သော ခရီးစဉ် ပိုမိုပြည့်စုံရန် Tanjung Benoa ကမ်းခြေသို့သွားရောက်ပြီး Water Sport Activities များတွင် မိမိကြိုက်နှစ်သာရာ ကစားနည်းများကို လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါမည်။ နေ့လည်စာကို Tanjung Benoa ကမ်းခြေရှိ Local Restaurant တွင်သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Dream Land Beach တွင်သွားရောက် အပန်းဖြေကြပါမည်။ ဆက်လက်၍ ဘာလီကျွန်းသားတို့ ရိုးရာကော်ဖီပြုလုပ်ပုံအဆင့်ဆင့်နှင့် ဒေသထွက်ဟင်းခတ် အမွှေးအကြိုင်များနှင့် အသီးအနှံများကို ဘာလီဒေသခံအိမ်တွင် သွားရောက်မြည်းစမ်းမည်ဖြစ်ပါသည်။ ထို့နောက် ဘာလီမြို့၏ အချက်အချာ ဈေးဝယ်လမ်းနှင့် Discovery Shopping Mall သို့ လွတ်လပ်စွာဈေးဝယ်ရန် အချိန်ပေး ပါမည်။ ညစာကိုဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Thai Lion Airline လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ထို့နောက် တစ်နေ့တာပင်ပန်းသမျှကို ထိုင်းနိုင်ငံ ဒွန်းမောင်းလေဆိပ်အနီးရှိဟိုတယ်တွင် အိပ်စက်အနား ယူမည်ဖြစ်သည်။
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် လေဆိပ်မှ Thai Lion Airline လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာ လာမည်ဖြစ် ပါသည်။
Leave a Reply